အစားမျိုးစုံ စားဖို့ဘာကြောင့် လိုအပ်ပါသလဲ
05-Aug-2017- ကျန်းမာစွာ အသက်ရှည်နိုင်ရေးအတွက် ကာဗိုဟိုက်ဒရိတ် ၊ ပရိုတင်း ၊ အဆီ ၊ ဗီတာမင် ၊ သတ္တုဓါတ် စသည့် အာဟာရဓါတ်မျိုးစုံနှင့် ရေတို့ လိုအပ်ပါသည်။
- မွေးစမှ အသက် ၆ လခန့်ထိ မိခင်နို့တစ်မျိုးတည်းမှ အာဟာရဓါတ်မျိုးစုံကို လုံလောက်စွာ ရရှိနိုင်သော်လည်း အသက် ၆ လ ကျော်လာသည့် ကလေး သို့မဟုတ် လူကြီးတစ်ဦးအတွက် အာဟာရဓါတ်မျိုးစုံကို လုံလောက်စွာပေးနိုင်သည့် တစ်မျိုးတည်းသော အစာဟူ၍ မရှိပါ။
- ကာဗိုဟိုက်ဒရိတ် အများဆုံးပါဝင်ပြီး ကျန်အာဟာရများ အနည်းငယ်စီ ပါဝင်သည့်အစာ ၊
- ပရိုတင်းအများဆုံး ပါဝင်ပြီး ၊ ကျန်အာဟာရများအနည်းငယ်စီပါဝင်သည့်အစာ ၊
- အဆီဓါတ်သာ အဓိက ပါဝင်သည့်အစာ
- ဗီတာမင်နှင့် သတ္တုဓာတ်များသာ အဓိက ပါဝင်သည့် အစာဟူ၍သာ ရှိပါသည်။
- ထို့ကြောင့် အာဟာရဓာတ်များ စုံလင်မျှတစွာ ရရှိနိုင်ရန် အစာမျိုးစုံကို နေ့စဉ်စားဖို့ လိုပါသည်။
အစားမျိုးစုံ မျိုးစုံအောင် ဘယ်လိုစားမလဲ???
- ထမင်းသည် မြန်မာတို့ နေ့စဉ်စားနေကျ အဓိက အစာဖြစ်သည်။ ကာဗိုဟိုက်ဒရိတ် အများဆုံး ပါဝင်ပြီး ၊ ပရိုတင်း ၇% ခန့် ပါဝင်သည်။ ဗီတာမင်အချို့လည်း ပါဝင်သည်။
- ဂျုံ ၊ လူး ၊ ဆတ် စသည့် ကောက်နှံများ ၊ အာလူး ၊ပိန်းဥ ၊ ကန်စွန်းဥ စသည့် သစ်ဥ သစ်ဖုများသည် ကာဗိုဟိုက်ဒရိတ် အများဆုံး ကြွယ်ဝပြီး အင်အားဖြစ်စေသော အစာအုပ်စုတွင် ပါဝင်သည်။
- အမဲဆီ ၊ ဝက်ဆီ ၊ မလိုင် ၊ ထောပတ်စသည့် တိရိစ္ဆာန်အဆီများ ၊ နှမ်းဆီ ၊ ပဲဆီ စသည့် အပင်ထွက်အဆီများသည် အဆီဓါတ်ကြွယ်ဝပြီး အင်အားဖြစ်စေသော အစာအုပ်စုတွင် ပါဝင်သည်။
- အသား ၊ ငါး ၊ ပုဇွန် ၊ ဥ အမျိုးမျိုး ၊ နို့ ၊ ပဲ အမျိုးမျိုးတို့သည် ပရိုတင်းဓာတ်ကြွယ်ဝပြီး ခန္ဓာကိုယ် ကြီးထွားစေသော အစာအုပ်စုတွင် ပါဝင်သည်။
- သစ်သီးများနှင့် ဟင်းသီးဟင်းရွက်များသည် ဗီတာမင်နှင့် သတ္တုဓါတ်များ ကြွယ်ဝပြီး ရောဂါကာကွယ်စေသော အစာအုပ်စုတွင် ပါဝင်သည်။
Credit : Unicef
By Dr. May Hnin Phyu (7887 Healthcare Call Center)